ခင်သန်းဖြူ၊ ၀င်းဖေမြင့်၊ ငြိမ်းချမ်းစု၊ နေမျိုးဆေး တို့ပြောတဲ့
Contemporary Art နဲ့ ပတ်သက်တာတွေ
ခင်သန်းဖြူ : အခုလုပ်နေတဲ့ ပန်းချီဆရာတွေ၊ အခုဆွဲနေတဲ့ ပန်းချီတွေ အကုန်လုံးက contemporary ပဲလို့ ပြောနေကြတာနဲ့ ပတ်သတ်ပြီး ကိုဝင်းဖေမြင့် နည်းနည်း ပြောပြစေချင် ပါတယ်။
ဝင်းဖေမြင့် : Contemporary ဆိုတဲ့စာလုံးဟာ မျက်မှောက်ခေတ် ပေါ့လေ။ လက်ရှိ အချိန်ပေါ့၊ ဒါပေမယ့် အဲဒီအချိန်မှာ လုပ်တိုင်း၊ ရေးတိုင်း၊ ဆွဲတိုင်း၊ ထုတိုင်း Contemporary ဟန်၊ Contemporary အသွင်အပြင် မရှိဘူးနဲ့ တူတယ်။ ကျွန်တော် နားလည် ထားတာနော်။ Contemporary အစစ်ဖြစ်ဖို့ ကျတော့ ၂၀ ရာစုကုန်၊ ၂၁ ရာစုအစပေါ့လေ။ ၂၁ ရာစုအစမှာ ပေါ်ထွန်းတဲ့ ဖန်တီးမှုဖြစ်တဲ့ အသစ်ပေါ့နော် အရင်ရာစုနဲ့ မတူတဲ့ အရင် အချိန်ကာလများနဲ့ မတူတဲ့ ဖန်တီးမှု တစ်စုံတစ်ခုတော့ ဖြစ်ဖို့သင့်တယ် ထင်တယ်။ ဘယ်လိုဖြစ်မယ် ဆိုတာတော့ ပြောလို့ သတ်မှတ်လို့ မရဘူးပေါ့လေ။ ဘယ်လို ပစ္စည်းသုံးမလဲ ဘယ်လိုမြင်မလဲ ၊ ကျွန်တော် မြင်တာတော့ Contemporary ဖြစ်ဖို့ကလေ၊ ယနေ့အမြင် ရှိရမယ်။ ဒီနေ့ ဖန်တီးတဲ့ ဖန်တီးမှု ဖြစ်ရမယ်၊ အဲဒီနှစ်ချက်တော့ အဓိက လိုအပ်မယ် ထင်တယ်။ ကနေ့ လူသားအမြင်က အရင်လူသားနဲ့ မတူတော့ဘူးပေါ့၊ မတူတဲ့ အမြင်ရှိရမယ်။
ငြိမ်းချမ်းစု : ဆရာပြောတာ ဟိုဟာပေါ့၊ ခေတ်ရဲ့ ရိုက်ခတ်မှုတို့ ပတ်ဝန်းကျင် အခြေအနေရဲ့ တုန့်ပြန်မှုတို့.............
ဝင်းဖေမြင့် : တုန့်ပြန်မှုတွေ ပါရမယ်၊ ဟုတ်တယ် နောက်ပြီးတော့ ဒီကနေ့ ဖန်တီးမှု ဆိုတာ ကနေ့ပေါ်တဲ့ ပစ္စည်းပေါ့၊ ကနေ့ပေါ်တဲ့ ပစ္စည်းကိရိယာ အားလုံး၊ လိုရင်လိုသလို သုံးနိုင်ရမယ်၊ Photostat ၊ နောက် digital camera ၊ နောက် computer အဲဒါတွေ သုံးနိုင်တဲ့ အင်အား ရှိရမှာ ပေါ့နော်၊ သုံးလည်း သုံးသင့်တယ်။ ကိုနေမျိုး ဆိုလို့ရှိရင် သူက Photostat အတော် သုံးတယ်၊ ငြိမ်းချမ်းတို့ ဆိုလို့ရှိရင်လည်း Print ပေါ့၊ Venyl Print သုံးတယ်၊ ဒါလိုကို လိုအပ်တယ်၊ Print လုပ်ပြီးမှ ဒီ Print ပေါ်မှာ တစ်ခုခု ထပ်ဆင် ရတာပေါ့၊ လုပ်ဆောင်ခြင်း တစ်ခု ထပ်တိုး ရတာပေါ့၊ ထပ်ထည့် လိုက်တာပေါ့။ ကိုနေမျိုး ဆိုလို့ရှိရင် Photostat ကိုလေ သူ့ drawing တွေ ကမ္မ၀ါစာတွေ၊ ဓါတ်ပုံတွေကို Photostat နဲ့ကြိုက်သလိုချဲ့၊ ချဲ့ပြီးတော့ canvas ပေါ် ပြောင်းတင် တာပေါ့၊ ပြီးမှ နောက်ထပ် ဆေးရေးချင်ရင် drawing ထပ်ထည့်ရင် ထည့်တာပေါ့၊ ဒါလိုအပ်တယ်၊ လုပ်ရမှာပဲ။ မိုနေးခေတ်က အနှစ်တစ်ရာ ကျော်ပြီလေ။ မိုနေးခေတ်က စနစ်ဟန်မျိုးနဲ့ မူရင်းတွေ ဘယ်လောက်ပဲ လက်ရာကောင်း နေနေ၊ ဒါ Contemporary မဖြစ်ဘူး၊ ဟုတ်တယ်နော်........ ပီကာဆိုလို ရေးနေအခု၊ ပီကာ ဆိုဟန်နဲ့ ပီကာဆိုလို့် ရေးနေလည်း Contemporary မဖြစ်နိုင်ဘူး၊ ကနေ့ လုပ်ဆောင်မှု အသစ် ဖြစ်ရမယ်၊
ခင်သန်းဖြူ : Color တွေဘာတွေကျတော့ရော
ဝင်းဖေမြင့် : အကုန်ပါတယ်။ ............, technique, subject, Metter နောက် .................. အကုန် ပါရမယ်နော်။ အကုန် ပါရမယ်၊ ကနေ့လူသားရဲ့ idea ဖြစ်ရမယ်။ ဒီတော့ Contemporary ဆိုတာ ကနေ့ ရေးတဲ့အရာ အားလုံးကို Contemporary လို့ ခြုံပြောလို့တော့ ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ Contemporary မမည်ဘူး ပေါ့နော်။ တစ်ချို့ ဟာတွေက ဟိုအမေရိကန်က ပန်းချီဆရာ ရှိတယ်။ Richard Estes ရစ်ချက်အက်(စ်) ဆိုတာလေ။ သူက Realism ပဲ၊ သူက ဘာရေးလဲ ဆိုလို့ရှိရင် ကနေ့စတိုးဆိုင်ကြီးတွေ ရေးတယ်။ သူတို့ နယူးယောက်က စတိုးဆိုင်ကြီးတွေက မှန်တံခါး ကြီးတွေနဲ့၊ မှန်တံခါး အကြီးကြီးတွေ၊ အဲဒီ့မှန်တံခါးတွေကို ဖောက်ပြီး တော့ ဆိုင်ထဲကို မြင်ရတာ၊ ဆိုင်ထဲက မှန်ဘီဒိုတွေ၊ စားစရာစရာဆို စားစရာတွေ၊ ဘားကောင်တာဆို ဘားကောင်တာ၊ ကုလားထိုင်တွေ၊ ခုံတွေ၊ မီးချောင်းတွေ၊ အကုန်မြင်ရတယ်။ မှန်ဖေါက်ပြီးတော့ ဆိုင်ထဲကို မြင်ရသလိုပါပဲ။ အဲဒီ့မှန်ထဲကိုဝင်ရတဲ့ သူ့နောက်က reflection အဲဒါတွေပါ ထဲ့ရွေးထားတာ၊ မှန်ဖေါက်မြင်ရတာနဲ့ မှန်ထဲကို ထင်ဟပ်ကြည့်တဲ့ reflectionနဲ့ ရောထွေးယှက်တင် ဖြစ်ပြီးတော့လေ၊ ထင်ယောင်ထင်မှားတွေ ဖြစ်ကုန်တာ၊ အနောက်က ဆိုင်ကြီးတွေက မော်တော်ကားတွေက ဆိုင်ထဲ ရောက်နေသလိုလို အဆောက်အဦးတွေ ရှိနေသလိုလို ထင်ယောင် ထင်မှားတွေ ဖြစ်ကုန်တယ်။ အဲဒါ ဆိုလို့ရှိရင် သူက ကနေ့လူရဲ့ အမြင်ပဲ၊ ဒါမျိုးက ခက်တယ်။ ရေးရတာ၊ ဓါတ်ပုံရဲ့ အကူအညီနဲ့ ရေးရတာ၊ ဓါတ်ပုံတွေက အများကြီးနဲ့ ရေးရတာ၊ သူကိုယ်တိုင် carmera ရှိတယ်။ သူကိုယ်တိုင် ရိုက်တယ်။ ဒါပေမယ့် ဘယ်ဓါတ်ပုံနဲ့မှ မတူဘူးလို့ ပြောတယ်။ ဘယ်ဓါတ်ပုံမှ copy ကူးတာ မဟုတ်ဘူးတဲ့၊ ဓါတ်ပုံတွေ အများကြီး စုပြီးမှ ပန်းချီကား တစ်ကား ဖြစ်အောင် လုပ်တာတဲ့။
ခင်သန်းဖြူ : သူ့ works တွေကို website မှာ ရှာလို့ရလား။
ဝင်းဖေမြင့် : ရတယ်၊ သူ့နာမည်နဲ့ ရှာလို့ရတယ်။ Richard Estes.com နဲ့..။
နေမျိုးဆေး : ၂၀၀၁ခုနှစ်လောက်က ထင်တယ်။ ဂျာမဏီမှာလေ၊ လေ့လာရေးပေါ့၊ ပန်းချီပြပွဲ တစ်ပွဲရောက်တော့၊ အဲဒီမှာရှိတဲ့ ဟိုမြင်ရတာ Installation တွေရော၊ Video Art တွေရော၊ တော်တော်ကို အံ့အားသင့်စရာ ကောင်းတယ်။ စုတ်တံနဲ့ ဆွဲထားတယ်ဆိုတာ တော်တော်ကို ရှာရခက်တယ်နော်။ ဘာနဲ့ လုပ်ထားမှန်း မသိဘူး၊ ထူးဆန်းတော့ ထူးဆန်းတာပေါ့နော်။ ဒါပေမယ့် ထူးဆန်းတယ်ဆိုတဲ့ ခံစားမှုမျိုး မဟုတ်ဘူး။ အနုပညာ မြောက်မြောက်ကို ခံစားရတယ် အစ်ကိုရာ၊ အဆန်းအပြားတွေ လုပ်တိုင်း ကျွန်တော်တို့က ကြိုက်တာ မဟုတ်ဘူး။ ဆန်းလဲ ဆန်းတယ်၊ ကြိုက်လဲကြိုက်စရာ ကောင်းတယ်။ အပ်ချည်လုံး လေးတွေပုံ လုပ်ထားတာနဲ့ ပန်းပုလုပ်တာ မဟုတ်ဘူးလေ၊ အပ်ချည်လေးတွေ အခန်းထဲမှာ ဟိုနားပြေး ဒီနားပြေးနဲ့ ကြည့်လိုက်ရင်လေ အရသာ တစ်မျိုးရယ်။
ဝင်းဖေမြင့် : အနုပညာဆိုတာ ကြည်နူးမှု ပေးတယ်။ အနုပညာ ပစ္စည်းတွေက ကြည့်တဲ့ viwer ကိုလေ ကြည်နူးမှု တစ်စုံတစ်ခု ပေးတယ်။ အံ့သြရုံတင် မဟုတ်ဘူး။ အဲဒါတွေ ကလည်း အနုပညာကို ဈာန်ဝင် ကြည့်တာ၊ ဈာန်ဝင်ကြည့်တဲ့ အတွက် ကိုနေမျိုးကို ကြည်နူးမှု တစ်ခု ရလာတာပဲ။
ငြိမ်းချမ်းစု : အနုပညာ ဗီဇစိတ်ရှိတာနဲ့လည်းဆိုင် ကိုယ်က ဒီဟာတွေကို ကြိုက်နေတာ၊ တစ်ခါတစ်လေ ကျတော့လည်း လမ်းဘေးက သစ်တုံးကြီး၊ အမြစ်ကြီးကို ကြိုက်ရင် ကြိုက်နေ တာပေါ့။ သာမာန်လူက မြင်ချင်မှ မြင်မယ်။ ဒါပေမယ့် ကိုယ်က အခံနေနဲ့ ရှိနေတာဆိုတော့ ကိုယ်က ဒါမျိုးတွေလဲ ကြည့်ဖူးတာ များလာတဲ့ အခါကျတော့ ပိုပြီးတော့ ကောင်းလာတာလို့ ထင်တယ်။ တွေ့ရာ မြင်ရာတွေ ချိတ်ထားတဲ့ အတိုင်းကျတော့ မရဘူး။ အခုmusic တို့ဘာတို့မှာလည်း စွန့်ပစ်ပစ္စည်းတွေနဲ့ တွဲလောင်းကြီး ချပြီးတော့ တီးကြ တာပေါ့နော်၊ သူတို့က စတန့် တစ်ခုပေါ့။ စတန့် ထွင်ပြီး တီးတိုင်းလည်း ခေတ်ပြိုင် ဖြစ်ချင်မှ ဖြစ်မှာပေါ့။ ဒါပေမယ့် ဖန်တီးတဲ့ သူ့ဘက်မှာ အရသာရှိသလို ခံစားတဲ့ သူဘက်မှာလည်း အခံတွေ ဘာတွေတော့ ရှိဖို့ လိုမယ် ထင်တယ်။
ဝင်းဖေမြင့် : ဟုတ်တယ်၊ အနုပညာဆိုတာ ဒီအနုပညာ ဓါတ်ခံတော့ ရှိကို ရှိရမယ်၊ ကျော်ကြားချင်တဲ့ နာမည်ကြီးချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ လုပ်လို့မရဘူး။ အနုပညာဆန်တဲ့ စိတ်တစ်ခုရှိတယ်၊ ပြောရခက်တယ် ပေါ့နော်။ အဲဒီအနုပညာ ဆန်တဲ့ စိတ်ရှိတဲ့လူတွေ လုပ်မှ အနုပညာ ဖြစ်ဖို့များတာ ပေါ့နော်။
ညီမော် : တစ်ချို့က ချက်ချင်း အောင်မြင်ချင်တာ၊ ချက်ချင်းကို ထင်ပေါ် ချင်တာပေါ့။ ကျွန်တော် မြင်ဘူးတာက ဘယ်လိုခေါ်မလဲ၊ အခုဟာက ဗင်ဂိုးတို့ ခေတ်လဲ မဟုတ်တော့ဘူး၊ ခုနက ဆရာပြောသွား သလိုပေါ့၊ ဒီဘက်ခေတ် အရာဝတ္ထုတွေ အားလုံး ပေါင်းစပ်လို့လည်း ရနေပြီ။ တစ်ချို့ကျတော့ အဲဒါတွေက လူနေမှုကိုပါ ရိုက်ခတ်လာရော၊ အမှန်ဆိုရင် ကျွန်တော် ဖြစ်စေချင်တာက ဒီဘက်ခေတ်၊ ဒီဘက်ယဉ်ကျေးမှုနဲ့ပဲ ကျေနပ်လိုက်၊ ဟိုဘက်က ယဉ်ကျေးမှုကို ဆွဲခေါ်မလာနဲ့ ပေါ့၊ လူတစ်ယောက်ရဲ့ အနုပညာကိုပဲ ကြိုက်သင့် တာပေါ့။ တစ်ချို့က ဖြစ်နေတာ က ကျွန်တော့ ပတ်ဝန်းကျင်မှာကို တွေ့ဖူးတာက ဗင်ဂိုးကို အားကျတယ်ပေါ့၊ ဒီတော့ ဗင်ဂိုးရဲ့ လူနေမှု ပုံစံအတိုင်းပါ လိုက်နေတယ်။ အဲဒါကျတော့ နဲနဲလွဲနေ တယ်လို့ ကျွန်တော့် စိတ်ထဲမှာ ထင်တာပေါ့လေ။ သူရဲ့ Art ကို ကြိုက်တာမျိုးပဲ ဖြစ်လာတာ ကျတော့ ကျွန်တော့ စိတ်ထဲမှာ တစ်မျိုးပဲ၊ မရှင်းဘူးပေါ့။
ဝင်းဖေမြင့် : လွန်ခဲ့တဲ့နှစ် နှစ်ဆယ် အစိတ် လောက်က ရှိတယ်။ အနုပညာသမားဆိုတာ စုတ်စုတ် ပြတ်ပြတ် နေရတယ်။ ပေပေတေတေ နေရတယ်။ ကောင်းကောင်း မွန်မွန် မ၀တ်ရဘူး၊ ဆံပင်ရှည် ထားရမယ်။ အဲဒါမျိုးတွေရှိတယ်။ ကျွန်တော်ကတော့ အဲဒါတွေက အနုပညာနဲ့ မဆိုင်ဘူးလို့ ထင်တယ်။
ငြိမ်းချမ်းစု : အဲဒါကတော့ ဒီဘက်ခေတ်က အဲဒီလိုမျိုး ခံရတာလဲ ဖြစ်ချင် ဖြစ်မှာပေါ့ ။ ဒီဘက် ရောက်လာတော့လည်း သက္ကရာဇ်၂၀၀၀လောက် ရောက်လာတော့လည်း နာမည်ကြီးနေတဲ့ ကာတွန်းဆရာ တစ်ယောက်နဲ့ တွေ့တာပေါ့။ အဲဒီအချိန်မှာ ကျွန်တော်က ဘောင်းဘီအရှည်နဲ့၊ T shirt နဲ့၊ ကတုံးတုံးထားတော့ မင်းပုံက ဘယ်လိုဖြစ်နေတာလဲတဲ့၊ ကျွန်တော်က ဖြေလိုက်တယ်။ကျွန်တော် မော်ဒယ် လုပ်မလို့ လို့....။ သူက အနုပညာသမားဆိုတာ သာမာန်လူနဲ့ တသားထဲ နေရတယ်တဲ့၊ အဲဒါဒီဘက်ခေတ် နာမည်ကြီး ကာတွန်းဆရာနော်၊ ဟိုဘက်ခေတ် နာမည်ကြီး ကာတွန်းဆရာ မဟုတ်ဘူး၊ အဲဒါ ကျွန်တော် နားမလည်ဘူး၊ အဲဒီလို စံနှုန်းတွေနဲ့ ကျွန်တော်တို့က အတိုင်းခံ ကြရတယ်။
ညီမော် : သက္ကရာဇ် ၂၀၀၀ဒီဘက်မှာ ဒါတွေက မရှိသင့်တော့ဘူးလို့ ကျွန်တော် ယူဆတယ်။ လူတစ်ယောက်ဟာ ကိုယ့်ဘ၀အတွက် ကိုယ့် life အတွက် ကိုယ်တိုင် ရွေးချယ် ပိုင်ခွင့်ရှိတယ်။ သူက Artist ဖြစ်ရင် ဖြစ်နေမှာပဲလေ၊ အဓိက က သူ့အနုပညာကိုပဲ တိုင်းရမှာ၊ သူ့ဖန်တီးမှုကို တိုင်းရမှာ၊ သူ့လူနေမှုကို တိုင်းလို့ လုံးဝမရဘူး၊ တစ်ချို့ကျတော့လည်း အဲလိုပေါ့၊ ကျွန်တော်သိနေတဲ့ လူငယ်တွေ ထဲမှာပဲ ကျွန်တော်တို့လောက် အရွယ်ပဲ၊ အဲလို မဟုတ်ဘဲ လွဲသွားင်္ပြီးတော့ ဟိုခေတ်က ဟာမျိုးကိုပဲ ပြန်စွဲလမ်းနေ တာပေါ့နော်။ ကိုငြိမ်းချမ်းတို့ ပြောသလို ဆံပင်ရှည် ထားမယ်။ သောက်မယ်၊ အဲဒါမျိုးတွေပေါ့။
ငြိမ်းချမ်းစု : အခုအချိန်အထိ ကျွန်တော်တို့က စံတွေနဲ့ အတိုင်း ခံနေရတုန်းပဲ၊ နဂိုထဲက လူငယ်တွေမှာရော လူကြီးတွေမှာပါ ထားရှိတဲ့ အစွဲအလန်း ကြီးမှုတွေနဲ့ အတိုင်းခံ နေရတယ်။ အဲဒီဟာတွေ ပပျောက်သွားအောင် လုပ်ဖို့က တစ်ခုခု လိုနေလိမ့်မယ်။ ပွင့်လင်းတဲ့ စာပေတွေ၊ သြဇာကြီးမားတဲ့ အနုပညာ သည်တွေရဲ့ အဆိုအမိန့်တွေ အဲဒါမျိုးတွေတော့ ရှိမှဖြစ်မယ်။
ညီမော် : အပြင်လူတွေ အမြင်မှာလဲ အနုပညာသမားဆိုရင် ....... ဆိုပြီးတော့ ဒီလိုနေမှာပဲ
ဝင်းဖေမြင့် : ဒါဆို ကိုနေမျိုးဆိုရင် အနုပညာသမား မဟုတ်ဘူးပေါ့ ဟုတ်လား၊ ဟားဟား
ညီမော် : ကိုနေမျိုးတို့ ကိုငြိမ်းချမ်းတို့တို အနုပညာသမားအနေနဲ့ ကျွန်တော် သိကတည်းက နေပုံထိုင်ပုံ အရမ်းကို ကွဲထွက် နေတာပေါ့နော်။ ကျွန်တော်က သူငယ်ချင်းတွေနဲ့ ပြောရင်တောင် ကိုနေမျိုး အကြောင်း၊ ကိုငြိမ်းချမ်းဆု အကြောင်း ပြောဖြစ်တယ်။ ကျွန်တော်က အနုပညာကိုပဲ ကြည့်တာ ပေါ့နော်။ ကျွန်တော့် သူငယ်ချင်းတွေဆိုလည်း သူတို့နေနိုင်ကြတယ်။ သပ်သပ်ရပ်ရပ် နေနိုင်ကြတယ်။ တမင်လုပ်ယူပြီးတော့ နေကြတာ၊ ကျွန်တော်က တမင်လုပ်ယူထားတဲ့ ဘ၀က အစစ်အမှန် မဟုတ်ဘူးဆိုတာ သိနေတယ်။
ဝင်းဖေမြင့် : ဟုတ်တယ် တမင်လုပ်တယ်ဆိုတာ အရေးကြီးတယ်။ နေတာ ထိုင်တာ ၀တ်တာ စားတာ ကျတော့လည်း တမင်ဆိုတာ မကောင်းဘူး။ ငြိမ်းချမ်းလည်း သူဝတ်တာ စားတာ လှုပ်ရှားလို့ ပန်းချီရေးလို့ ကောင်းအောင် ၀တ်တာ၊ သူနဲ့ ကိုက်ညီတာ ၀တ်တာ၊ ကျွန်တော်လည်း ကျွန်တော်နဲ့ ကိုက်ညီတာ ၀တ်တာ၊ တမင်ဝတ်တာ မဟုတ်ဘူး။ အနုပညာမှာ တမင်လုပ်နေတာ အတုပဲ၊ ဦးခင်မောင်ရင် အခုနေတယ်၊ ကောင်းကောင်း မ၀တ် ဘူး၊ ကောင်းကောင်း မစားဘူး၊ ဒါ တမင်လုပ်တာ မဟုတ်ဘူး၊ အရမ်း ရိုးရှင်းတယ်။ သူက အဲလိုကို နေချင်တာ၊ လွတ်လွတ်လပ်လပ်၊ ဒါမှန်တယ်။ ဗင်ဂိုး၊ ဂေါ်ဂင်လည်း တမင်လုပ်တာ မဟုတ်ဘူး။ သူတို့မှာ ဘာမှမရှိဘူး။ ဆင်းရဲတယ်။ ပါရီက လှမ်းပို့မှ သူတို့က ၀တ်ရ၊ စားရ၊ သောက်ရတာ အဲတာ ပြတ်သွားတဲ့အခါ ကောင်းကောင်း မစားရဘူး။ အ၀တ်အစားလဲ ကောင်းကောင်း မ၀တ်နိုင်ဘူး ၀တ်စရာလည်း မလိုဘူး။ သူတို့သွားနေတဲ့ နေရာဒေသတွေက မလိုအပ်လို့ သူတို့ ဒီလိုပဲနေတာ၊ လိုအပ် သလိုနေတာ...
ခင်သန်းဖြူ : ကိုနေမျိုးတို့က ပြည်ပထွက်နေတာ ဆိုတော့ ပြည်ပက Artist တွေကရော အဲ့လို မျိုးရှိလား။
နေမျိုးဆေး : အစုံပါပဲ၊ လူတွေက တစ်ခါတစ်လေ ကျတော့လည်း ပန်းချီတွေ ဘာတွေ ဆွဲရင်းနဲ့ အသိဥာဏ်တွေ ပြောင်းလာတာမျိုး ရှိတာပေါ့။ ဆွဲကာစတုန်းက သိတာက နည်းနည်း၊ နောက် တဖြည်းဖြည်းချင်း အနုပညာ အကြောင်းကို သိလာတာ များများ၊ အဲလိုမျိုး ဘ၀ကြီးမှာ နေရင်းနဲ့ အတွေ့အကြုံအရရော ဘာရောလေ၊ သူတိုရဲ့ စိတ်တွေ ပြောင်းလာတယ်။ ပြောင်းလာတဲ့အခါကျတော့ တန်ဖိုးထားမှု တွေက မတူတော့ဘူး။ ငယ်ငယ်တုန်းက အတွေ့အကြုံအရ တန်ဖိုးထားတာက တစ်မျိုး ခုနပြောသလို life style တွေ ပြောင်းသွားတာလဲ ရှိပါတယ်။ ဆံပင်ရှည် ထားတယ်ဆိုတာ တစ်ချို့ကလည်း စတန့်ထွင်ပြီး ထားတာရှိတယ်လေ စတန့်ထွင်တာတော့ မကောင်းဘူးပေါ့။ တစ်ချို့ အနုပညာသမားတွေမှာ တကယ် ကိုလေ စုတ်စုတ်ပြတ်ပြတ်နေတယ်ဆိုတာ စတန့်တော့ မဟုတ်ဘူးလေ။ သူတို့ ဟာသူတို့ နှစ်သက်တာပေါ့၊ သူတို့တန်ဖိုးထားတာ၊ တို့က ဒီဟာကို တန်ဖိုး မထားတော့ဘူး၊ သူတို့ တန်ဖိုးထားတာက အဲဒီအပေါ်မှာ မရှိဘူးဆိုတော့ သူတို့က စိတ်ထဲမှာ လျော့လိုက်တော့လေ၊ အဲဒီအခါကျတော့ နေတာ ထိုင်တာ စုတ်ပြတ်သွားပြီးတော့ စားတာသောက်တာ အိပ်တာလဲ မှန်တော့ဘူး၊ အဲဒီလိုမျိုး သူတို့ တန်ဖိုး ထားတာ ပြောင်းသွားလို့ ပြောင်းသွားတယ်ဆိုတာတော့ ပြဿနာ မရှိပါဘူး။ တစ်ချို့က စတန့်ထွင်ပြီးတော့ ဆိုတော့ မကောင်းပါဘူး။ အခုနောက် ပိုင်းကလေးတွေ၊ အနုပညာတွေကလည်း အကုန်လုံးရောလာတော့ အဲဒီစတန့်တွေ၊ အသစ်အဆန်းတွေက လုံးဝမကွဲတော့ဘူး၊ အဲဒါကြီးတွေက အရမ်းဒုက္ခ ရောက်တာလေ။ ကျွန်တော်တို့လည်း တော်ရုံတန်ရုံ ခွဲဖို့ကျတော့ ကိုယ်က လိုက်ခွဲနေတော့လည်း မကောင်းဘူး။ ခွဲဖို့လဲ အရမ်း ခက်သွားတော့ အခုစတန့်တွေနဲ့ တကယ်လုပ်နေသူတွေနဲ့ တကယ်ရောတယ်။ အဲ့ဒီလိုရောတော့ တစ်မျိုး တစ်ကယ်လုပ်တဲ့လူတွေက စတန့်ထင်မှာ စိုးလို့ လုပ်တောင်မလုပ်တော့ဘူး။
ငြိမ်းချမ်းစု : ဒီဘက်ပိုင်းမှာ Contemporary လို့ပြောတဲ့ အခါကျတော့ ကျွန်တော်တို့ New Media ပါ ထဲ့ပြောရ တော့မှာပေါ့။ New Media တွေလဲ ပါလာတယ်။ ပါလာတဲ့ အခါမှာ ကျွန်တော်တို့ graphic show ပန်းချီပြပွဲ လုပ်တယ်လေ။ အဲဒီမှာ ဆိုရင် တစ်ကယ် graphic designer တွေလဲ ပါလာတယ်။ ၀ါသနာရှင် တွေလဲ ပါရင် ပါမှာပေါ့။ ပါလို့ရှိရင်တော့ သူတို့ကလည်း တစ်ခုပြီး တစ်ခု အစွမ်းကုန် လုပ်ကြမှာပဲလေ၊ အဲဒီထဲမှာ နားမလည်တဲ့ လူငယ်တွေ ပါလာသလို လူကြီးတွေလဲ ပါရင်ပါမှာပဲ။ အဲဒီအခါကျတော့ သူတို့က ဒီတစ်ပုံထဲက ထွက်မယ်။ ဒီသုံးပုံ ထဲလုပ်ရင်လုပ်မှာလေ။ ရှေ့က နာမည်ကြီး designer ကြီးတွေကတော့ တောက်လျှောက် လုပ်လာခဲ့ရင် လုပ်လာခဲ့မှာလေ။ သူတို့ဟာ သူတို့ မပြပဲနဲ့ သိမ်းထား တာတွေ ပါရင်ပါမှာပေါ့။ အဲ့ဒီလိုနေရာတွေကျတော့ ကျွန်တော်တို့က အမြဲတမ်း ပြောနေကျ စကားပဲ ပြောနေရမှာပေါ့။ သူတို့ကို တိတိကျကျ ဝေဖန်နိုင်တဲ့ လူပေါ့။ အနုပညာကို သေသေချာချာ ဝေဖန်နိုင်တဲ့သူ၊ သြဇာကြီးမားတဲ့လူဆိုတာ ကျွန်တော်တို့ဆီမှာ သိပ်မရှိသေးဘူး ဖြစ်နေတယ်။ ဟေ့ကောင် မင်းလဲ စမူဆာ ကျော်တာပေါ့၊ ဒါပေမယ့် ကုလား စမူဆာ မဖြစ်ဘူး။ ဟိုကောင်ကျော်တာက စမူဆာဖြစ်တယ်။ အဲဒီလိုမျိုးပြောတာ မရှိဘူး။ တစ်ခုခုတော့ ခွဲနိုင်ရမယ်လေ။
ခင်သန်းဖြူ : Media ပိုင်းကျတော့လည်း တစ်ချို့အသစ်ကလေးတွေက စိတ်ဝင်စားလို့ စ၀င်လာပြီး လုပ်တာကို ဝေဖန်လိုက်တော့ ချိုးနှိမ်လိုက်သလိုမျိုး ဖြစ်မှာစိုးလို့ ရေးပေးရတာတွေ ရှိတယ်လေ။ အဲလိုမျိုး ဖြစ်မှာ စိုးလို့ ရေးပေးရတာတွေ ရှိတယ်လေ။ တစ်ချို့ကလည်း နာမည်ကြီးတွေ ကျရေးတယ်။ ကလေးတွေ ကျတော့ ရေးမပေးဘူးလား ဆိုတာမျိုးတွေ ထောက်လာကြတော့ သူတို့ဘာလေးတွေ လုပ်ထားတယ် ဆိုတာမျိုး ရေးပြပေးရတာပေါ့။
ငြိမ်းချမ်းစု : ဟုတ်ပါတယ် ဆရာမ၊ ကျွန်တော်တို့ကလည်း ဒါကတော့ Artist ပေါ့၊ တစ်ကယ် ၀ါသနာပါတဲ့သူက တော်တော်လေးကို သိသိသာသာ ကွဲပြားခြားနားတယ်လို့ ထင်ပါတယ်။ အဲဒီလို ကြည့်လိုက်လို့ ရှိရင်လေ။ သူတို့ရဲ့ ကြိုးစားမှုရော၊ သူ့ရဲ့ ခံယူချက်ကောပေါ့၊ ကျွန်တော်တို့ကတော့ ဘာပဲပြောပြော တစ်ယောက်နဲ့ တစ်ယောက် သိအောင်တော့ အရင်ကြိုးစားကြရမှာပဲ။
ဝင်းဖေမြင့် : အနုပညာကို တစ်ကယ်စွဲလမ်းပြီး တစ်ကယ် တန်ဖိုးထားတဲ့လူက ခဏတဖြုတ်နဲ့ ဘယ်တော့မှ မပြီးဘူး။ သူက ဘ၀တစ်လျှောက် လုပ်မှာ၊ အဲဒီတော့ ချက်ချင်းတော့ ခွဲဖို့ မလွယ်ဘူး။ နှစ်ကြာသွားတာနဲ့ အမျှ ခွဲလို့ လွယ်သွားပါတယ်။ ပေါ်ပင်လား တစ်ကယ် လုပ်တာလားဆိုတာ ပေါ့နော်။
ညီမော် : ခိုင်မာတာ၊ မခိုင်မာတာက၊ ကာလအပိုင်းအခြားနဲ့ပဲ ဆုံးဖြတ်ရမှာပေါ့နော်။
ဝင်းဖေမြင့် : ဟုတ်တယ်။ အချိန်က ဆုံးဖြတ်ပေးမှာပဲ
ညီမော် :
ဘာမှမလုပ်ဘူး၊ တကယ်တန်းကျတော့ တွင်တွင်ချည်းပဲ ပြောနေတာပဲ၊ တစ်ကယ် လုပ်နေတဲ့ လူတွေကျတော့လည်း ပုတ်ခတ်၊ အဲ့ဒီလို မျိုးတွေလည်း တော်တော် တွေ့ရတယ်။
ခင်သန်းဖြူ : ကိုငြိမ်းချမ်းတို့ street performance တွေဘာတွေ လုပ်နေတုန်းကလည်း အားပေးမဲ့သူမှ သိပ်မရှိတာ၊ အခုမှ performance ကို တော်တော်လေး အားပေး လာကြတာလေ။
ဝင်းဖေမြင့် : ဒီက စိမ်းတယ်။ အရမ်း စိမ်းနေတယ်။ ရင်းနှီးဖို့ ဆိုတာကလည်း အထိအတွေ့ များလာမှလေ။
ငြိမ်းချမ်းစု : ဘာပြောပြော အဲဒါမှ အရသာ သိလာမှာလေ။ တစ်ကြိမ် တစ်ခါထဲကတော့ ဘယ်လိုမှ အရသာ မသိနိုင်ဘူး။
ဝင်းဖေမြင့် : အနုပညာက အရမ်းသိမ်မွေ့တယ်။ အနုပညာရဲ့ အရသာကို တော်တော်နဲ့ မသိနိုင်ဘူး။ တော်ရုံတန်ရုံစိတ်နဲ့ ချက်ချင်း မသိနိုင်ဘူး။ ဒါကြောင့် ဂေါ်ဂင်တို့ ဗင်ဂိုးတို့ဆို ဒုတိယကမ္ဘာစစ်ကြီးပြီးမှ ကမ္ဘာကြီးက အသိအမှတ်ပြုတာ။ စစ်မပြီး ခင်က သိပ်ပြီးတော့ မသိကြဘူး။ ပြီးမှ တစ်ကယ့် true artist ပဲလို့ အသိအမှတ် ပြုကြတာ။
နေမျိုးဆေး : အဲဒါလည်း သူသေသွားလို့ နာမည်ကြီးတယ်လို့ သူများတွေက ထင်ကြတယ်။ အမှန်က အဲဒါမဟုတ်ဘူး။ အဲဒါ အကြောင်းရှာတာ၊ ဗင်ဂိုးက နည်းနည်းစော နေတာ၊ စောနေတော့ သူလုပ်တဲ့ အချိန်မှာ လူတွေက မသိကြဘူး။ နောက် (၁၅)နှစ်လောက်ကြာတော့မှ ကောင်းပါလားဆိုတာ သိကြတာ၊ သူကစော နေတာ၊ အမှန်တော့ သူက ရှေ့ရောက်နေတာ။
ညီမော် : လူတွေက အသိလွဲနေတာပေါ့နော်။ အမှန်တော့ စောနေတာ
ခင်သန်းဖြူ : ကျွန်မတို့ဆီမှာ ဘဏ် ဦးခင်မောင်လို့ ပြောလို့ရမလား။
နေမျိုးဆေး : ရှိပါတယ်။ အများကြီးပဲ။
ဝင်းဖေမြင့် : Quality အများကြီးပဲ၊ ဗဂျီအောင်စိုး၊ ဘဏ်ခင်မောင်၊ သိပ်မသိကြဘူး၊ လူတွေက ပစ်ထားတာပဲ။
ခင်သန်းဖြူ : ဗဂျီအောင်စိုးကိုတော့ illustrator အနေနဲ့ သိကြပါတယ်။
ဝင်းဖေမြင့် : ဗဂျီအောင်စိုးတို့ကဗျာ သရုပ်ဖော်အနေနဲ့ သိကြတာ။ Artist အနေနဲ့ မသိကြဘူး။ လက်ခံတာ သိပ်မရှိဘူး။ အခုမှ လက်ခံကြတာ
ငြိမ်းချမ်းစု : အမှန်တော့ အဲဒီအချိန်မှာ စာပေဘက်ကရော၊ အယ်ဒီတာတွေ ဘက်ကရော၊ ယဉ်ကျေးမှု ဘက်ကရော အကုန်လုံး နားလည် နိုင်ကြပါတယ်။ အခြေအနေတစ်ခု ကြောင့်သာ နားမလည်ချင်ယောင် ဆောင်ပြီးတော့ နေကြတာ။ ရှေးဟောင်းဘက်မှာ ဆိုလို့ရှိရင်လည်း ရှေးဟောင်း ဘက်ကနေပြီးတော့ အများကြီး ရှိကြတယ်။
ဝင်းဖေမြင့် : ၁၉၆၀ ခုနှစ်လောက်မှာ ဗဂျီအောင်စိုးက လူတစ်ယောက်၊ မျောက်တစ်ကောင်၊ တယောတစ်လက် လားမသိဘူး။ ပန်းချီကားတစ်ကား ရေးထားတာ တော်တော် ကောင်းတယ်။ ဒါပေမယ့် လူတွေက အပြတ်ရှုံချတာပဲ။ လက်ခံတဲ့လူက တကယ် စာတတ်ပေတတ်နဲ့ ဗဟုသုတများတဲ့ လူတစ်ချို့ပဲ။ အခု အဲဒီကား ဘယ်မှာ ရှိလဲ မသိဘူးနော်။ ရှိတော့ ရှိမယ်။ အဲဒီတုန်းက modern ဘယ်သူမှ မရေးသေးဘူး။ ဗဂျီအောင်စိုး စတာပဲ။
ခင်သန်းဖြူ : အခုခေတ်ကလေးတွေ လှုပ်ရှားနေတဲ့ ထဲမှာရော ကိုဝင်းဖေမြင့် အနေနဲ့ ဘယ်သူ တွေက Art ဖြစ်တယ်လို့ ထင်ပါသလဲ။
ဝင်းဖေမြင့် : Art ဖြစ်တယ် ဆိုတာကတော့ ကျွန်တော် တစ်ယောက်တည်း ပြောလို့မရဘူး။ ကိုနေမျိုးလဲ ပြောလို့မရဘူး။ ကျွန်တော်တို့ သုံးယောက်လဲ ပြောလို့ မရဘူး။ အချိန်ကာလက ဆုံးဖြတ်သွားမှာ ပေါ့နော်။ ကျွန်တော်တို့ထက် နားလည်တဲ့သူ တွေက ဆုံးဖြတ်ပေး မှာပေါ့။
ခင်သန်းဖြူ : ဘယ်သူ့ လက်ရာတွေကိုရော ခံစားမိ ပါသလဲ။
ဝင်းဖေမြင့် : ကျွန်တော်မြင်တာ မော်မော် မဆိုးဘူး၊ ပန်းချီကျောင်းဆင်း ထင်တယ်။ သူက Realism ပါပဲ။ သူက space တွေလဲ ကြိုက်ပုံရတယ်။ အ၀တ်လျှော် တဲ့ မိန်းမကြီးပုံ ကြိုက်တယ်။ ရေချိုးရင်း ရေတွေ ညှစ်နေတာ။ အဲဒါ ကောင်းတယ်။
ခင်သန်းဖြူ : ကိုနေမျိုးကရော
နေမျိုးဆေး : ကျွန်တော်ကတော့ သိပ်မသိတော့ဘူး။ ကိုငြိမ်းချမ်းတို့ ကိုမြတ်ကျော့တို့ အထိပဲ သိတော့တယ်။
ခင်သန်းဖြူ : ကိုငြိမ်းချမ်းကရော
ငြိမ်းချမ်းစု : ကျွန်တော်ကတော့ ဘယ်သူ့ကို ကြိုက်တယ်၊ မကြိုက်ဘူး ပြောဖို့ထက် လူငယ်တွေ တွေးခေါ်ပုံ နည်းနည်း ပြောင်းလဲလာတယ် လို့ထင်တယ်။ ဆိုးတဲ့ဘက်က ပြောင်းလဲလာတဲ့ သဘောက ဘာသွားတွေ့လဲဆိုတော့ British council တို့ All တို့မှာ လူငယ်တွေ သင်တန်းတွေ တက်ကြ တယ်လေ။ တတ်ကြ ပြီး language တွေ လေ့လာကြတဲ့အထဲမှာ ကျွန်တော်တို့ သူငယ်ချင်း တစ်ယောက် ရှိတယ်။ ကျွန်တော်တို့ ထက်တော့ နောက်ကျတာပေါ့လေ။ ဥာဏ်လင်းထက်ဆိုတာ ရှိတယ်။ သူက ပြင်သစ်ယဉ်ကျေးမှုမှာ တော်တော်ကြာ ကြာတတ်တော့ လူငယ်တွေနဲ့ ဆုံကြတယ်။ ဆုံကြတော့ ပြောကြတာပေါ့လေ၊ အစ်ကို ကျွန်တော်တို့ အုပ်စုလေး တစ်ခုလုပ်မယ်။ အုပ်စုလုပ်ပြီးရင် အနုပညာ လှုပ်ရှားမှုတွေ လုပ်ကြမယ်ပေါ့။ ပြီးလို့ ရှိရင် ကျွန်တော်တို့ foundation လျှောက် ကြမယ်ဆိုတော့ အခု ကျွန်တော် မြင်တာကတော့ foundation ပြသနာတွေ တော်တော် တတ်လာတယ် ဆိုတော့ ဒါ အနုပညာလှုပ်ရှားမှု ပုံစံပဲ ပြောင်းလာ တာလား၊ ကောင်းတာလား၊ ဆိုးတာလား ကျွန်တော် မသိဘူး။ အနုပညာ ဖန်တီးမှု ထက်စာရင် သူတို့ စိတ်တွေ စောနေပြီး အဲဒီဘက်ရောက် နေတာတော့ ကျွန်တော် တွေ့တယ်။
ဝင်းဖေမြင့် : အမှန်ကတော့ အနုပညာ ဖန်တီးမှုကိုပဲ စိတ်ပိုများသင့်တာပေါ့နော်။ တစ်ခြားအခွင့်အရေးတွေ အခွင့်အလမ်းတွေကို သိပ်အာရုံ မရောက်သင့်ဘူး။
ခြိမ်းချမ်းစု : အခုတော့ အဲဒါမျိုးက လူကြီးပိုင်းမှာ ရှိသလို လူငယ်ပိုင်းမှာလည်း ရှိတာပေါ့နော်။ ခိုင်မာမှု၊ မခိုင်မာမှုနဲ့လည်း ဆိုင်မယ်ထင်တယ်။ လူကြီးတွေက နည်းပေးလမ်းပြ တာရောကောင်းသလား၊ လူငယ်တွေလိုက်လုပ်တာရော ကောင်းသလားပေါ့။ ဒါပေမယ့် အဲဒီထဲကပဲ အဆိုးထဲက အကောင်းတွေလည်း ကျွန်တော်တို့ ရရင်ရနိုင်ပါတယ်။ ဒါပေမယ့် တော်တော်များများက ဖန်တီးအား ကောင်းချင်း ထက်ကို ခင်ဗျားတို့ကို ကျွန်တော်တို့က ဘယ်လို ပိုက်ဆံရှာပေးမှတို့၊ ခင်ဗျားတို့ အနုပညာတွေ ဘယ်လိုလုပ်လို့ ရပြီတို့ ကြားနေတာပဲ ဆရာရယ်။
နေမျိုးဆေး : Foundation တွေကလည်း နိုင်ငံခြားက အများကြီး လုပ်လာကြတာလေ၊ စေတနာမှန်တဲ့ လူတွေရှိသလို မမှန်တဲ့ လူတွေကလည်း အလုပ်တွေပြဖို့ လိုရော၊ ပြပွဲတွေ ဘာတွေ ပြပေးတော့ ဟိုဘက်မှာ ပိုက်ဆံရမှာကိုး၊ ဒီဘက်မှာ ကျတော့လည်း တကယ်သိတဲ့လူတွေ၊ နားလည်တဲ့ သူတွေကို သိပ်ချည်းကပ်လို့ မရဘူး။ အဲဒီလူတွေက သူတို့ဆီ သိပ်မလာတော့ ရရာလူတွေ ဆွဲပြီးတော့ ပြပွဲတွေလုပ်၊ အဲဒါမျိုးတွေလည်း ရှိတာပဲ။
ငြိမ်းချမ်းစု : အဲဒီ foundation က ပန်းချီပြပွဲလုပ်တယ်။ ကားဆယ်စီးလဲ ထောင်တယ်။ ဆိုတဲ့အခါကျတော့ စဉ်းစားစရာပေါ့လေ။ ကျွန်တော်တို့ ချည်းပဲလည်း အနုပညာ တွေစိုက်လိုက် မတ်တတ်ဖန်တီးလို့ မရဘူး။ လိုအပ်တဲ့ foundation ရဲ့ ပံ့ပိုးမှု တော့ ကျွန်တော်တို့လဲ လိုပါတယ်။ ဘယ်လို ပုံစံမျိုးနဲ့ ချည်းကပ်ကြမလဲဆိုတဲ့ အခါကျတော့ ကျွန်တော်တို့ လက်ရှိကြုံတွေ့ နေရတာကတော့ အဲလိုမျိုး ကြုံတွေ့ နေရတာပဲ။
ခင်သန်းဖြူ : ကိုငြိမ်းချမ်းဆုတို့ studio square မှာ အသစ်ကလေးတွေ ခဏခဏ လုပ်ပေးတယ်။ အဲဒါတွေကရော
ငြိမ်းချမ်းစု : အဲဒါတွေကျတော့ ဆရာမရယ် ကျွန်တော်တို့နဲ့အတူတူ ကိုယ်ချင်းစာတဲ့ သဘောပါပဲ။ ကျွန်တော်တို့လဲ အရင်တုန်းက စလာတုန်းက ကျွန်တော်တို့မှာ ပြစရာနေရာမရှိဘူးပေါ့နော်။ လောကနတ်ဆိုတာလည်း အဲဒီတုန်းက စည်းကမ်း ကြီးတဲ့နေရာပေါ့။ ဆိုတော့ ကျွန်တော်တို့က အင်းလျားဂယ်လရီက ဦးအောင်မြင့်ကို သွားပြီး ပြောကြတာပေါ့။ ဦးအောင်မြင့်က ကူညီတယ်။ ကူညီတော့ ပြပွဲလေးပြ ဖြစ်သွားတာပေါ့။ ခုနောက်ပိုင်းကျတော့လည်း ကျွန်တော်တို့က အဲဒီထုံးကို နှလုံးမူတဲ့သဘောပေါ့။ လူတိုင်းတော့လဲ မပြပါဘူး။ ဒါပေမယ့် ၀ါသနာပါတဲ့ သူ၁၀ယောက်ဆိုပေမဲ့လည်း ကျွန်တော်တို့ဆီ ရောက်နေတာ နှစ်ယောက်၊ သုံးယောက်က ဥပမာ တစ်လတစ်ခါက် လာရင်လာမယ်။ နှစ်လတစ်ခေါက် လောက်လာရင် လာမယ်ပေါ့။ အဲဒီထဲကနေပဲ ထူးထူးကဲကဲပေါ့ ကျွန်တော်တို့က အမှတ်ပေးတဲ့ အနေနဲ့ပါပဲ။ သူတို့လဲ လာကြည့် နေကြတာပဲ။ ဒါပေမဲ့ အပြင်ပန်း အရ ပြောရရင်တော့ အပိုးကျိုးကြတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီပေါ်မှာတော့ သူတို့ ဖြစ်ကြပါတယ်။ သူတို့ ရေးထားတဲ့ ကားတွေလည်း ယူလာပြီးတော့ ပြကြပါတယ်။ ဒီပေါ်မှာလည်း နှစ်နှစ်ကာကာလေး ရှိကြတယ် ဆိုတော့ လုပ်ပေးလိုက်တာပါပဲ။
ခင်သန်းဖြူ : အဲဒါကျတော့ ပြခန်းပဲလား၊ ဘာလုပ်ပေးရသေးလဲ။
ငြိမ်းချမ်းစု : ကျွန်တော်တို့ ကတော့ ပြခန်းပဲ။ သူတို့ဟာသူတို့ ဖိတ်စာတွေ ရိုက်ကြ၊ အကျွေးအမွေးတွေ စီစဉ်ပေါ့။
ခင်သန်းဖြူ : ကိုဝင်းဖေမြင့်ဆီ လာတဲ့ကလေးတွေကျတော့ရော
ဝင်းဖေမြင့် : ပန်းချီရေးကြတာပါပဲ၊ ကျွန်တော်ဆီလာတဲ့ ကလေးတွေက ပန်းချီကျောင်းဆင်းတွေ၊ ယဉ်ကျေးမှုတက္ကသိုလ် ဆင်းတွေ၊ ကျွန်တော်သိပ်ပြီး အခြေခံတွေ သိပ်ပြီးတော့ သင်ပေးဖို့မလိုဘူး၊ သူတို့တတ်ပြီးသားတွေ၊ ကျွန်တော်က ဘာလုပ် ရလဲဆိုတော့၊ သူတို့ကို အကြံပေးရတာပေါ့၊ သူတို့ဘာကောင်းလဲ၊ ဘာလိုလဲ ဆိုတာ ဗဂျီအောင်စိုး ဘ၀ကြီးကို Art နဲ့ဆို ဘယ်လိုပုံဖော်လို့ ရမလဲဆရာ
ဝင်းဖေမြင့် : အရက်လဲပါတာပေါ့၊ ဒါပေမဲ့ သူကတစ်ပိုင်းလေး အရက်သောက်တာ သောက်တာ သောက်တာပဲ၊ ရေးတော့လဲ တကယ်မြန်တယ်၊ ကဗျာသရုပ်ဖော် တော်တော် ကောင်းတယ်၊ မြ၀တီ၊ ရူမ၀ကဗျာ သရုပ်ဖော်တွေ၊ တစ်ခါတစ်လေ စိတ်ပါရင် လ္ဘက်ရည်ဆိုင်မှာကို ထိုင်ရေးတာပဲ။ ကျောင်းတက်တာလေ ရန်ကုန်ဘဆွေနဲ့၊ ကျွန်တော်နဲ့ ၉၄၊ ၅၆ လောက်၊ ဦးရွှေအောင်သိမ်း က ကျွန်တော်ကို ခေါ်သွား တယ်။ ရန်ကုန်ဘဆွေနဲ့ ခင်သွားကြတာပေါ့၊ ဖဆပလမှာ ကျွန်တော်တို့က တနင်္ဂနွေနေ့ သွားသွားဆုံတယ်၊ လူငယ်တွေပေါ့နော်။ လူငယ် သုံးလေးယောက် out door ထွက်တယ်။ အဲဒီမှာ ဗဂျီအောင်စိုးက ရောက်ချလာရော။ ရန်ကုန်ဘဆွေ ကိုအောင်စိုးတဲ့၊ လူငယ်တွေကို ခင်ဗျားတို့ ကျောင်းတက်တုန်းက အကြောင်း ပြောပြပါဦးတဲ့ တဂိုးအကြောင်း ပြောတယ် ၊အရှေ့တိုင်း ဗဂျီအကြောင်း ပြောတယ်။ ကျွန်တော်တဲ့၊ အရှေ့တိုင်း ပန်းချီဆိုတာ ဘာမှမဟုတ်ဘူးတဲ့။ ၀ါးပန်းချီရေးပြီး လာပြတော့ တဂိုးကျောင်းက ကုလားဆရာကြီးက ရွာတစ်ရွာ လွှတ်တယ်တဲ့။ ကျောင်းနားက ရွာသွားလည်တဲ့၊ သွားလည်တော့ အဲဒီရွာက ထမင်းကျွေးတယ်။နေ့လည်စာ ထမင်းစား ပြီးတော့၊ ၀ါရုံးပင်တွေ များတယ်။ ဒီရွာက ပတ်ပတ်လည် ၀ါးရုံးပင်တွေ ချည်းပဲတဲ့၊ ကုလားဆရာက ၀ါးရုံကြည့်ဖို့ ခိုင်းလိုက်တာ အမှန်က၊ သူက မသိဘူးတဲ့ ထမင်းစားပြီးတော့ ကောက်ရိုးပုံပေါ်မှာ လှဲပြီးတော့ ကောင်းကင်ပြာကြီးကို ကြည့်တယ်တဲ့။ အရမ်းသာယာတာပဲ။ ၀ါးပင်တွေက လေတိုးတော့ တရွှီရွှီနဲ့နဲ့တဲ့၊ ကျွန်တော် အိပ်ပျော်သွားတယ်။ နိုးတော့ထပြန်လာ တယ်တဲ့။ နောက်နေ့ ကျွန်တော်ဆရာနဲ့ တွေ့တော့ ကုလားဆရာက ပြန်လာခဲ့ပြီလား ဆိုတော့ ပြန်လာခဲံ့ပြီပေါ့၊ မင်းဘာတွေ့ခဲ့လဲ ဆိုတော့၊ နွားချီးတွေ့တယ်၊ ၀ါးရုံးပင်တွေ တွေ့တယ်တဲ့ မင်းဝါးရေးစမ်းကွာ ဆိုတော့ဟာ ကျွန်တော်ဘာမှ မကြည့်ခဲ့ရဘူးပေါ့၊ သွားပြန်ကြည့်ဆိုတော့ နောက်နေ့ကျ တစ်ခေါက်ပြန် သွားတယ်။ ဟာငါကို ၀ါးကြည့် ရေးခိုင်းတာပဲ ဆိုပြီး ၀ါးပင်တွေကို ကြည့်ပြီး Sketch ထုတ်တယ်လေ၊ တစ်နေကုန် ထုတ်တယ်။ ပြီးတော့ ပြန်သွားတယ်။ နောက်နေ့ ဆရာနဲ့တွေ့တော့ ဘယ်လိုလဲ ရခဲ့လား ဆိုတော့ ရခဲ့တယ်ပေါ့။ Sketch တွေ အများကြီး ရခဲ့တယ် ဆိုတော့ Sketch အကုန်ယူ လိုက်တယ်တဲ့၊ ရေးစမ်းတဲ့၊ ၀ါး ကိုတဲ့ဟာ သူမရေး တတ်ဘူး။ Sketch ထုတ်ခဲ့တဲ့ စက္ကူပေါ်မှာပဲ သူကြည့် တတ်တယ်၊ ခေါင်းထဲမှာ သိပ်မရဘူး၊ မမှတ်မိဘူး၊ ဟာကျွန်တော် သိပ်မမှတ်ရသေး ဘူးတဲ့၊ကျွန်တော် Sketch တွေ ပြန်ပေးပါတဲ့။ ကုလားဆရာက မင်းကို ကြည့်ခိုင်းရုံ ကြည့်ခိုင်းတာတဲ့။ စိတ်နဲ့ကြည့် ရေးရတာကွတဲ့၊ မျက်စိနဲ့ ကြည့်ရေးဖို့ မဟုတ်ဘူးတဲ့၊ မင်းဝါးပင် အလွတ်ရအောင် ကြည့်တဲ့၊ မင်းမကြည့်ခဲ့ရဘူး လားတဲ့။ တစ်ခေါက် ပြန်ကြည့်တဲ့၊ သုံးခေါက် ပြန်သွားတယ်၊ အဲဒီရွာကို၊ အဲဒီကျမှ အော်ငါ့ကို ကြည့်ပြီးတော့ မှတ်ခိုင်းတာပဲဆို စိတ်နဲ့မှတ်ရတာတဲ့၊ တစ်နေ ကုန်တယ်၊ ၀ါးပင်ကိုကြည့်ပြီး စိတ်နဲ့မှတ်ရတာ။ ပြီးမှ အလွတ် ပြန်ရေးတယ်။ အဲဒီတော့မှ သူသဘောပေါက်တယ်တဲ့၊ အရှေ့တိုင်းပန်းချီ ဆိုတာမျက်စေ့နဲ့ ကြည့်ရေးတာ မဟုတ်ဘူး၊ စိတ်နဲ့မှတ် ရေးတာလို့ ။
ငြိမ်းချမ်းစု : ဆရာကြီးက ကုလားမလေး တစ်ယောက်နဲ့ ရခဲ့တယ်ဆိုတာ အဲဒီမှာ ထင်တယ်။
ခင်သန်းဖြူ : ဆရာပါရဂူကတော့ ပြောဘူးတယ်။ သူကအဲဒီမှာ တက်တုန်းက အမြဲတမ်း သစ်ပင်အောက်မှာ ထိုင်ထိုင်ပြီး ပန်းချီရေးရင် အတူတူရေးတဲ့ ရည်းစားသဘောမျိုး ကုလားမလေး တစ်ယောက် ရှိတယ်တဲ့ အခု ဗဂျီအောင်စိုး စာတမ်းရေးမဲ့ မိန်းကလေး တစ်ယောက်က အဲဒီရည်းစားရှိတဲ့ မြို့ အထိ လိုက်ရှာခဲ့တယ်တဲ့၊ လေ့လာ ကောင်မလေးက Yin ဆိုတာ..
ဝင်းဖေမြင့် : အခုသူကရှိသေးလား
ခင်သန်းဖြူ : ရှိတယ်တဲ့ ဆရာပါရဂူက ပြောတာပဲ။
ဝင်းဖေမြင့် : ဟာ............... အဲဒီလို ဖြစ်ရမှာ ပဲပေါ့နော်......................
(မူရင်း - talk from http://entertainment.phoewa.com/entertainment/talkshow.aspx?id=2 )
No comments:
Post a Comment